Wednesday, March 9, 2022


 

မြန်မာနိုင်ငံပြန်တမ်းအကြောင်းလေ့လာခြင်း

PDD website တွင် -

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်တမ်းကို တာဝန်ယူ ပုံနှိပ်ဖြန့်ချိလျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြန်တမ်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ်ဝေဖြန့်ချိလျက်ရှိပြီး နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုဝန်ကြီးရုံးများ၊ စစ်ရာထူးခန့်ချုပ်ရုံးတို့မှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းဝင်အရာရှိများ၏ ခန့်ထားခြင်း၊ ရာထူးတိုးခြင်း၊ ပြောင်းရွှေ့ခြင်း ဆိုင်ရာ  အမိန့်ကြော်ငြာစာများ၊ နှစ်စဉ်နိုင်ငံတော်မှ ဘွဲ့တံဆိပ်နှင့် ဂုဏ်ထူးဆောင်ဘွဲ့များ အပ်နှင်းခြင်းခံရသည့် ရဟန်းသံဃာတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ၏ စာရင်းများ၊ ကုမ္ပဏီ (မြန်မာ+နိုင်ငံခြား) ဖျက်သိမ်းခြင်း၊ ကြော်ငြာများကို ထည့်သွင်းပုံနှိပ် ဖော်ပြပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြန်တမ်းတွင် အပိုင်း လေးပိုင်း ပါရှိ၍ အောက်ပါအတိုင်း ခွဲခြားဖော်ပြလျက်ရှိပါသည် -

                                အပိုင်း ( )

၁။    နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်သည့် အမိန့်/ ဥပဒေ/ နည်းဥပဒေ/ အမိန့်ကြော်ငြာ စာများ

၂။    ပြည်ထောင်စုအစိုးအဖွဲ့ရုံးမှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ

၃။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်သည့် ကြော်ငြာချက်များ

၄။    ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ရရှိသူများစာရင်း ဖော်ပြပေးရခြင်း

 ၅။    ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေးထိုး ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများ

                                  အပိုင်း ( )

၁။    ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း အမိန့်စာများ

၂။    စစ်ရာထူးခန့်ချုပ်ရုံးမှ ထုတ်ပြန်သည့် ပြန်တမ်းဝင်အရာရှိများ ခန့်အပ်မှု့စာရင်း

၃။    ဝန်ကြီးဌာနများ၊ လုပ်ငန်း/ ဦးစီးဌာနများမှ ဦးစီးအရာရှိ၊ လ/ထ ညွှန်ကြားရေးမှူး၊  ဒု-ညွှန်ကြားရေးမှူးများ ရာထူးတိုးခြင်း၊ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်းဆိုင်ရာ အမိန့်စာများ

၄။    ဝန်ကြီး၊ ဒု - ဝန်ကြီးအဆင့် နုတ်ထွက်စာများ

                                    အပိုင်း  ( )

၁။   ပြန်တမ်းဝင် အရာရှိများ ခွင့်ခံစားခွင့်ပြုသည့် အမိန့်စာများ

၂။    ပြန်တမ်းဝင် အရာရှိ မဟုတ်သော ဝန်ထမ်းများ၏ ကိစ္စရပ်များ

[အပိုင်း (၃) ကို ပြန်တမ်းတွင် ဖော်ပြရန် စာမျက်နှာအခက်အခဲကြောင့် ဖော်ပြပေးခြင်း မရှိပါ ။]

                                    အပိုင်း  ( )

၁။    ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ထုတ်ပြန်သည့်ကြော်ငြာစာများ

၂။    ကုမ္ပဏီများ ( မြန်မာ + နိုင်ငံခြား ) ဖျက်သိမ်းခြင်း ကြော်ငြာစာများ

 

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံပြန်တမ်း ခေါင်းစီးအောက်တွင် 

အမှတ်စဉ်၊ နေရာ၊ ရက်စွဲ နှင့် အတွဲ တို့ဖော်ပြသည်။ 

ထိုအောက်တွင် အပိုင်း(၁)မှ(၄)အထိ ခွဲခြား၍ အတွဲများအလိုက် သီးခြားစာမျက်နှာတပ်ရှိပါသည်။

အတွဲ၇၅-အမှတ်၉ ပြန်တမ်းနမူနာ

 


ရွင်လန်းချမ်းမြေ့ပါစေ။