ဌာနဆိုင်ရာရုံးများ၏ လျှောက်ထားချက်များ၊ ပုံစံများ၊ ကြေညာချက်များ၊ လိုအပ်ချက်များ
တရားရုံးများဆိုင်ရာ
နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ
အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်သတ်မှတ်ရန်အတွက် လျှောက်လွှာတင်သွင်းခြင်းဆိုင်ရာ
စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးရုံးဆိုင်ရာ
တရားရုံးများဆိုင်ရာ
၁။ တရားရုံးတွင် ကျမ်းကျိန်လွှာပြုလုပ်ရာတွင် လိုအပ်ချက်များ
− ကျမ်းကျိန်မည့်သူတစ်ဦး၏ အမည်၊ အဘအမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်ကိုင်၊ နေရပ်လိပ်စာများကို စုစည်းထားရမည်။
− ကျမ်းကျိန်ပြုလုပ်ပေးပါရန် သက်ဆိုင်ရာတရားရုံး တရားသူကြီးထံ လိပ်မူသော လျှောက်လွှာနှင့်အတူ ထိုက်သင့်သောရုံးခွန်ခေါင်း ထမ်းဆောင်၍ လျှောက်ထားရမည်။
− ကျမ်းကျိန်လွှာတွင် အနည်းဆုံး ငွေကျပ် ၁၅၀ တန် အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် မိတ္တူပါရှိရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့်သူသည် ဗုဒ္ဓဘာသာကိုးကွယ်သူဖြစ်ရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့် အကြောင်းအရာနှင့်စပ်ဆိုင်သည့် စာရွက်စာတမ်းများ နှင့် မိတ္တူများ အပြည့်အစုံ ပါရှိရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့်အကြောင်းအရာနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
− ကျမ်းကျိန်ပြုလုပ်မည့် အကြောင်းအရာတွင် ပျောက်ဆုံးသည့် ကိစ္စပါရှိလျင် သက်ဆိုင်ရာ ရဲစခန်းမှူး၏ ထောက်ခံချက် ပါရှိရမည်။
− ကျမ်းကျိန်လွှာပြုလုပ်ရာတွင် အသိသက်သေအဖြစ် ဆောင်ရွက်ရန် အသက် ၁၈ နှစ်ပြည့်ပြီးသူ ၂ ဦး ပါရှိရမည်။ ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် မိတ္တူပါရှိရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့်သူနှင့် အသိသက်သေများသည် သင့်လျော်စွာ ဝတ်စားဆင်ယင်လာရမည်။
၂။ တရားရုံးတွင် နှစ်ဦးသဘောတူထိမ်းမြားခြင်း ပြုလုပ်ရာတွင် လိုအပ်သည့်အချက်များ
− ထိမ်းမြားမည့်သူများ၏ အမည်၊ အဘအမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်ကိုင်၊ နေရပ်လိပ်စာများကို စုစည်းထားရမည်။
− လက်ထပ်ထိမ်းမြားခြင်း ပြုလုပ်ပေးပါရန် သက်ဆိုင်ရာတရားရုံး တရားသူကြီးထံ လိပ်မူသော လျှောက်လွှာနှင့်အတူ ထိုက်သင့်သောရုံးခွန်ခေါင်း ထမ်းဆောင်၍ လျှောက်ထားရမည်။
− လက်ထပ်ထိမ်းမြားရာတွင် အနည်းဆုံး ငွေကျပ် ၃၀၀ တန် အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
− လက်ထပ်ထိမ်းမြားမည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း နှင့် မိတ္တူပါရှိရမည်။
− လက်ထပ်ထိမ်းမြားမည့်သူများသည် ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ရမည်။
− လက်ထပ်ထိမ်းမြားမည့် အမျိုးသားသည် အရွယ်ရောက်ပြီးသူ ဖြစ်ရမည်။ အမျိုးသမီးသည် အသက် ၂၀ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ အသက် ၂၀ နှစ် မပြည့်သေးလျင် အုပ်ထိန်းသူ၊ မိဘဖြစ်စေ၊ အုပ်ထိန်းသူ မိဘ၏ သဘောတူညီချက်ဖြစ်စေ ပါရှိရမည်။
− လက်ထပ်ထိမ်းမြားမည့်သူများသည် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်ဖြစ်လျင် သက်ဆိုင်ရာ အကြီးအကဲ၏ လက်ထပ်ထိမ်းမြားမှုပြုလုပ်ရန် ခွင့်ပြုချက် သို့မဟုတ် အကြောင်းကြားစာ ပါရှိရမည်။
− လက်ထပ်ထိမ်းမြားရာတွင် အသိသက်သေအဖြစ် ဆောင်ရွက်ရန် အသက် ၁၈နှစ်ပြည့်ပြီးသူ ၂ဦး ပါရှိရမည်။ ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် မိတ္တူပါရှိရမည်။
− ကျမ်းကျိန်လွှာပြုလုပ်မည့်သူနှင့် အသိသက်သေများသည် သင့်လျော်စွာ ဝတ်စားဆင်ယင်လာရမည်။
၃။ တရားရုံးတွင် နှစ်ဦးသဘောတူ လင်မယားကွာရှင်းခြင်း ပြုလုပ်ရာတွင် လိုအပ်သည့်အချက်များ
− ကွာရှင်းမည့်သူများ၏ အမည်၊ အဘအမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အလုပ်ကိုင်၊ နေရပ်လိပ်စာများကို စုစည်းထားရမည်။
− လင်မယားကွားရှင်းပေးပါရန် သက်ဆိုင်ရာတရားရုံး တရားသူကြီးထံ လိပ်မူသော လျှောက်လွှာနှင့်အတူ ထိုက်သင့်သောရုံးခွန်ခေါင်း ထမ်းဆောင်၍ လျှောက်ထားရမည်။
− ကွာရှင်းလွှာတွင် အနည်းဆုံး ငွေကျပ် ၂၅၀ တန် အခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရမည်။
− ကွာရှင်းမည့်သူများ၏ နိုင်ငံသားစိစစ်ရေးကတ် မူရင်း နှင့် မိတ္တူပါရှိရမည်။
− ကွာရှင်းမည့်သူများသည် ဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ရမည်။
− ကွာရှင်းမည့်သူများသည် အကြင်လင်မယားဖြစ်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် သို့မဟုတ် အိမ်ထောင်စုလူဦးရေးစာရင်း သို့မဟုတ် လက်ထပ်ထားသည့် စာရွက်စာတမ်း အထောက်အထား ပါရှိရမည်။
− ကွာရှင်းမည်သူများသည် တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်ဖြစ်လျင် သက်ဆိုင်ရာ အကြီးအကဲ၏ ကွာရှင်းပေးရန် ခွင့်ပြုချက် သို့မဟုတ် အကြောင်းကြားစာ ပါရှိရမည်။
− ကွာရှင်းရာတွင် အသိသက်သေအဖြစ် ဆောင်ရွက်ရန် အသက် ၁၈နှစ်ပြည့်ပြီးသူ ၂ဦး ပါရှိရမည်။ ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် မိတ္တူပါရှိရမည်။
− ကွာရှင်းလွှာပြုလုပ်မည့်သူနှင့် အသိသက်သေများသည် သင့်လျော်စွာ ဝတ်စားဆင်ယင်လာရမည်။
နိုင်ငံသားစိစစ်ရေးကတ်နှင့်အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ
လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန
၂၀၂၄ခုနှစ်တွင် UID များပြုလုပ်ပေးလျက်ရှိသောကြောင့် အချို့သော လဝက ရုံးများတွင် UID ပါရှိမှသာ လုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် ပါရှိရမည့် အထောက်အထားများ
[အသက်(၁၀)နှစ်ပြည့် (သို့မဟုတ်) (၁၈)နှစ်ပြည့်]
အသက်(၁၀)နှစ်ပြည့် လျှောက်ထားခြင်းဖြစ်လျှင် ကာယကံရှင်နှင့်အတူ မိဘ(သို့မဟုတ်)အုပ်ထိန်းသူမှ လာရောက်ရမည်။
အသက်(၁၈)နှစ် လျှောက်ထားခြင်းဖြစ် ပါကကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင် ပါရှိရမည်။
ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
အသက်အတွက် ကျောင်းထောက်ခံချက် (သို့မဟုတ်) မွေးစာရင်းမူရင်းနှင့် မိတ္တူပါရှိ ရမည်။
မိဘ(၂)ပါးကိုင်ဆောင်ထားသော အထောက်အထားလက်မှတ် မူရင်းနှင့်မိတ္တူ ပါရှိ ရမည်။
ကာယကံရှင်၏ သွေးစစ်လက်မှတ်မူရင်း ပါရှိရမည်။
ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ) ပါရှိရမည်။
၂။ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ ပျက်စီး) မိတ္တူလျှောက်ထားခြင်း
ကာယကံရှင်၏ ၀န်ခံချက်နှင့် ကိုယ်တိုင် လာရောက်လျှောက်ထားရမည်။
ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက်/ ကျေးရွာအုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ်ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် ပါရှိသော ) ပုံစံထွေ-၄ ပါရှိရမည်။
လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်စီ ပါရှိရမည်။
မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်း/မိတ္တူ ပါရှိရမည်။
ပျက်စီးပါက ပျက်စီးသည့် ကတ်ပြားမူရင်းနံပါတ် ပါရှိရမည်။
(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
၃။ အိမ်ထောင်စုအလိုက် ပြောင်း၀င်ခြင်း
အိမ်ထောင်ဦးစီးကိုယ်တိုင်
လာရောက်ရမည်။ အိမ်ထောင်ဦးစီးကိုယ်တိုင် မလာရောက်နိုင်ပါက ခိုင်လုံသော
အကြောင်းပြချက်ဖြင့် အိမ်ထောင်စု၀င်များထဲမှ အသက် (၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား
ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာ ပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
၀င်ရောက်နေထိုင်လိုသည့် လိပ်စာမှန်ကန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
ပြောင်း၀င်မည့် အိမ်ခန်း(သို့မဟုတ်)အိမ်အား ပိုင်ဆိုင်သည့် အထောက်အထား မူရင်း/မိတ္တူ ပါရှိရမည်။
ပိုင်ဆိုင်သည့် အထောက်အထား မပြနိုင်ပါက လိပ်စာပါနေရာတွင် မည့်သည့်အခြေအနေဖြင့် နေထိုင်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
အဆိုပါနေရပ်သစ်တွင် (၃)နှစ်နှင့်အထက် နေထိုင်သူဖြစ်ရမည်။
၄။ အိမ်ထောင်စုအလိုက် ပြောင်းထွက်ခြင်း
အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီး သူ တစ်ဦး အား ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ် လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့် ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
ပြောင်းထွက်မည့်သူများ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း/ မိတ္တူ ပါရှိရမည်။
ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၏ ထောက်ခံချက် ပါရှိရမည်။ လူမျိုးခြားဖြစ်ပါက သက်ဆိုင်ရာမြို့နယ်ထွေအုပ်မှ ထောက်ခံချက် ပါရှိရမည်။
အာမခံသူနှစ်ဦးနှင့်အတူ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုမိတ္တူ၊ UID မိတ္တူ၊ အိမ်ပိုင်ဆိုင်မှု အထောက်အထား၊ ရပ်ကွက်ထောက်ခံစာ စသည်ဖြင့် ပါရှိရမည်။
၅။ အိမ်ထောင်စုလူဦးရေ တိုးခြင်း
ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင် ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
ကာယကံရှင်၏ လျှောက်လွှာပါရှိရမည်။နောက်ဆုံးနေထိုင်ခဲ့သော မြို့နယ်မှ ပြောင်းရွှေ့လာသည့် ပုံစံ(၁၀) ပါရှိရမည်။
လက်ခံမည့် အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း ပါရှိရမည်။
ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
၆။ အိမ်ထောင်စုလူဦးရေ လျော့ခြင်း
ကာယကံရှင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီး သည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈) နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ် လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်း၊ မိတ္တူ ပါရှိရမည်။
ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းနေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက်ပါရှိရမည်။
၇။ မွေးဖွားသူ အမည်စာရင်းတိုးခြင်း
အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
အိမ်ထောင်ဦးစီး၏ လျှောက်လွှာပါရှိရမည်။
မိဘနှစ်ပါး၏ အမည်ပါရှိသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်းနှင့် မိတ္တူပါရှိရမည်။
မိဘနှစ်ပါး ၊ အိမ်ထောင်စုလူဦးရေစာရင်း သီးခြားတစ်ခုစီရှိပါက လူဦးရေတိုးမည့်မိဘ၏ အိမ်ထောင်စုလူဦးရေးစာရင်း အိမ်လက်ခံမူရင်း ၊ မိတ္တူနှင့် လူဦးရေစာရင်းတိုးရန် မလိုသည့် မိဘ၏ အိမ်ထောင်စုလူဦးရေစာရင်း မိတ္တူပါရှိရမည်။
ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။မွေးဖွားကြောင်း ပုံစံ-၁(က) (သို့မဟုတ်)မွေးစာရင်းလက်မှတ် မူရင်းနှင့် မိတ္တူပါရှိရမည်။
၈။ သေဆုံးသူအမည်စာရင်း ပယ်ဖျက်ခြင်း
အိမ်ထောင်ဦးစီးကိုယ်တိုင် လာရောက်ရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ တစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
သေဆုံးကြောင်း ပုံစံထွေ-၁(က) (သို့မဟုတ်) သေဆုံးကြောင်းလက်မှတ် မူရင်း ၊ မိတ္တူပါရှိရမည်။
တိုင်ကြားသူနှင့် သေဆုံးသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံ မူရင်း/မိတ္တူ ပါရှိရမည်။
သေဆုံးသူသည် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပါရှိရမည်။
၉။ သီးခြားအိမ်ထောင်စု ခွဲထွက်ခြင်း
ကာယကံရှင်ကိုယ်တိုင်နှင့် အိမ်ထောင်ဦးစီးတို့မှ လာရောက်လျှောက်ထားရမည်။ သို့ရာတွင် အိမ်ထောင်ဦးစီးသည် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက အိမ်ထောင်စု၀င်များ ထဲမှ အသက်(၁၈)နှစ်ပြည့်ပြီးသူတစ်ဦးအား အိမ်ထောင်ဦးစီးမှ ကိုယ်စားလှယ်လွှဲစာဖြင့် စေလွှတ်ရမည်။
ကိုယ်စားလှယ်လွှဲစာ မှန်ကန်ကြောင်း ကိုယ်စားလှယ်လွှဲစာပေါ်တွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက် ပါရှိရမည်။
၎င်းနည်းတူ ကာယကံရှင်ကိုယ်တိုင် ခိုင်လုံသော အကြောင်းပြချက်ဖြင့် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာဖြင့် ဆောင်ရွက်နိုင်သည်။
အိုးခွဲ ၊ အခန်းခွဲ ၊ ခေါင်ခွဲ ၊ စီးပွားခွဲ စသည့် ခွဲ (၄)ခွဲနှင့် ညီညွတ်ရမည်။
အိမ်ထောင်ဦးစီး၏ သဘောတူ၀န်ခံချက် ပါရှိရမည်။
လျှောက်ထားသူနှင့် အိမ်ထောင်ဦးစီးအမည်ပါ အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူ ပါရှိရမည်။
ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ထောက်ခံချက် ပါရှိရမည်။
၁၀။ နိုင်ငံသားစိစစ်ရေးကတ်ပြား (ပျောက်ဆုံး/ ပျက်စီး) မိတ္တူလျှောက်ထားခြင်း
ကာယကံရှင်၏ ၀န်ခံချက်နှင့် ကိုယ်တိုင် လာရောက်လျှောက်ထားရမည်။
ရှေ့ပြေးလျှောက်လွှာ (မျိုးရိုးစဉ်ဆက်ဇယား ဖြည့်စွက်ပြီး) ပါရှိရမည်။
ပျောက်ဆုံး/ပျက်စီးမိတ္တူထုတ်ပေးရန် လျှောက်လွှာ (ရပ်ကွက်/ ကျေးရွာအုပ်စု အတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် အမှန်တကယ်ပျောက်ဆုံးကြောင်း ရဲစခန်းထောက်ခံချက် ပါရှိသော ) ပုံစံထွေ-၄ ပါရှိရမည်။
လျှောက်ထားသူအမည်ပါသော အိမ်ထောင်စုလူဦးရေစာရင်း အိမ်လက်ခံမူရင်းနှင့် မိတ္တူတစ်စောင်စီ ပါရှိရမည်။
မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်း/မိတ္တူ ပါရှိရမည်။
ပျက်စီးပါက ပျက်စီးသည့် ကတ်ပြားမူရင်းနံပါတ် ပါရှိရမည်။
(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
၁၁။ အသက်(၁၀)နှစ်မှ (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်လျှောက်ထားခြင်း
ကာယကံရှင်ကိုယ်တိုင် လာရောက်ရမည်။
အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ(၁)စောင်ပါရှိရမည်။
ကာယကံရှင် ယခင်ကိုင်ဆောင်ခဲ့သော အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းပါရှိရမည်။
မိဘ(၂)ပါး ကိုင်ဆောင်ထားသော အထောက်အထား လက်မှတ် မူရင်း/မိတ္တူ ပါရှိရမည်။
ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်း နေထိုင်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် ပါရှိရမည်။
(၀.၈ လက်မ × ၀.၈ လက်မ)အရွယ်ဓါတ်ပုံ (၄)ပုံ (မျက်မှန်မပါ)ပါရှိရမည်။
ဝန်ကြီးဌာန၏ http://www.mip.gov.mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်သတ်မှတ်ရန်အတွက် လျှောက်လွှာတင်သွင်းရာတွင် ပါရှိရမည့် စာရွက်စာတမ်း အထောက်အထားများ
၁။ လျှောက်လွှာပုံစံများ (အခွန်ရုံးတွင် ဝယ်ယူနိုင်ပါသည်) မူရင်း နှင့် မိတ္တူ(၁)စုံ
ကိုယ်စားလှယ်နှင့်တင်ပြပါက ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ၊ ရောင်းချသူ၏ ဖုန်းနံပါတ် နှင့် လိပ်စာအား အတိအကျ အပြည့်အစုံ ဖြည့်စွက်ရန်။
၂။ မြေအရောင်းအဝယ် အရပ်ကတိစာချုပ်မူကြမ်း မိတ္တူ။ မိတ္တူ (၂)စုံ
၃။ အရောင်းအဝယ်ပြုလုပ်ရာတွင် Bank စနစ်ဖြင့် ငွေပေးချေထားသည့် အထောက်အထား။ မိတ္တူ (၂)စုံ
အရောင်းအဝယ်ပြုလုပ်သည့်တန်ဖိုးမှ ငွေသားသိန်း၂၀၀ကျပ်သာ ချန်၍ ကျန်ပမာဏကို ဘဏ်ငွေလွှဲစနစ်ဖြင့် ပေးချေထားကြောင်း Account to Account သို့မဟုတ် ငွေသားလွှဲထားသည့် ငွေလွှဲဖြတ်ပိုင်း။
၄။ ဝယ်ယူသူ၏ မှတ်ပုံတင်မိတ္တူ။ မိတ္တူ (၂)စုံ
၅။ ဝယ်ယူသူ၏ အိမ်ထောင်စုဇယားမိတ္တူ။ မိတ္တူ (၂)စုံ
၆။ ကိုယ်စားလှယ်နှင့်ရောင်းချခြင်းဖြစ်ပါက ကိုယ်စားလှယ်လွှဲစာ (SP/GP)။ မိတ္တူ (၂)စုံ
၇။ SP/GP လေးလကျော်လွန်ပါက ကျမ်းကျိန်လွှာ။ မိတ္တူ (၂)စုံ
၈။ ရောင်းချသူ(သို့မဟုတ်)ရောင်းသူကိုယ်စား SP/GPရရှိသူ မှတ်ပုံတင်မိတ္တူ။ မိတ္တူ (၂)စုံ
၉။ ရောင်းချသူ၏ အိမ်ထောင်စုဇယားမိတ္တူ။ မိတ္တူ (၂)စုံ
၁၀။ ဂရန်/ပိုင်ဆိုင်မှု အထောက်အထား စာရွက်စာတမ်းမိတ္တူ။ မိတ္တူ (၂)စုံ
၁၁။ (၁)နှစ်အတွင်းရေးကူးထားသည့် မြေယာပုံစံ ၁၀၅/၁၀၆ မိတ္တူ။ မိတ္တူ (၂)စုံ
၁၂။ ယခုလက်ရှိမြေ/အဆောက်အဦ၏ ဓာတ်ပုံ (ရှေ့/ဘေး/ဝဲယာ)။ မူရင်းနှင့်မိတ္တူ(၁)စုံ။
လျှောက်လွှာပုံစံများအား အထက်ဖော်ပြပါအတိုင်း အစဉ်လိုက်ပူးတွဲပြီး အမှုတွဲမူရင်းနှင့်အတူ မိတ္တူအပို(၁)စုံ ပူးတွဲ တင်ပြရမည်။ အခြေပစ္စည်း၏ တည်နေရာလိပ်စာ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်၍ တိုက်ဆိုင်စစ်ဆေးနိုင်ရန် မူရင်းများနှင့်တကွ တင်ပြရမည်ဖြစ်ပါသည်။
အသေးစိတ်သိရှိလိုပါက ၆၅လမ်း၊ ၂၂-၂၃လမ်းကြား၊ အောင်မြေသာစံမြို့နယ်ရှိ အိမ်ခြံမြေကာလတန်ဖိုးစိစစ်သတ်မှတ်ရေးအဖွဲ့သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။
မော်တော်ယာဉ် ဝယ်ယူခြင်းအပေါ် အခွန်အကြောင်း
မော်တော်ယာဉ်/ ကားများကို ဝယ်ယူပြီး အမည်ပြောင်းလျှောက်ထားရာတွင် ဝယ်ယူသည့် ဝင်ငွေကို ဝင်ငွေရလမ်း
တင်ပြနိုင်ပါက အဆိုပါဝင်ငွေကို နုတ်ပယ်ပြီး ကျန်ဝင်ငွေ အပေါ်တွင် လည်းကောင်း ဝင်ငွေရလမ်းတင်ပြနိုင်ခြင်း
မရှိပါက သတ်မှတ်ကာလတန်ဖိုး ရာဖြတ်နှုန်းထားများအပေါ် အောက်ပါ အခွန်နှုန်းထားအတိုင်း
ဝင်ငွေခွန် ပေးဆောင်ရပါမည်။
၁ ကျပ်မှ သိန်း ၃၀၀၀ ထိ ၃%
သိန်း ၃၀၀၁ ကျပ်မှ သိန်း ၆၀၀၀ ထိ ၅%
သိန်း ၆၀၀၁ ကျပ်မှ သိန်း ၁၀,၀၀၀ ထိ ၁၀%
သိန်း ၁၀၀၀၁ ကျပ်မှ သိန်း ၃၀၀၀၀ ထိ ၁၅%
သိန်း ၃၀၀၀၁ ကျပ်နှင့်အထက် ၃၀%
--------------
မော်တော်ယာဉ်/ ကား ရောင်းချသူက အခြေပစ္စည်းမှမြတ်စွန်းငွေ
ခေါင်းစဉ်ဖြင် မြတ်စွန်းသည့် အသားတင်အမြတ်ငွေ (Net Profit) အပေါ်
၁၀ % အခွန်ပေးဆောင်ရပါမည်။
စာချုပ်စာတမ်းမှတ်ပုံတင်ဌာနမှူးရုံးဆိုင်ရာ
SP/GP လွှဲအပ်ခြင်း
အပေးစာချုပ်ချုပ်ဆိုခြင်း
စွန့်လွတ်စာချုပ်ချုပ်ဆိုခြင်း
အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း
လှူဒါန်းစာချုပ်ချုပ်ဆိုခြင်း
No comments:
Post a Comment